ကမ်ပိန်းအကြောင်း
AI နည်းပညာသည် တိုးတက်လာသော နည်းပညာခေတ်ကြီးအတွက် အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်နေပြီ ဖြစ်ပါသည်။ AI နည်းပညာဟာ လုပ်ငန်းစဉ်တွေကို ပိုမိုမြန်ဆန်လွယ်ကူအောင် ဆောင်ရွက်ပေးနိုင်တဲ့အပြင် စိတ်ကူးယဉ်ဆန်သော အရာတွေကိုပင် အမှန်တကယ် ဖြစ်လာအောင် ဖန်တီးပေးနိုင်ပါသည်။ AI နှင့် ကျွန်ုပ်တို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ပေါင်းစပ်လိုက်လျှင် Futuristic and Bold ဖြစ်သော အရာတွေကို ဖန်တီးနိုင်လိမ့်မည်ဟု Grand Royal Signature မှ ယုံကြည်ပါသည်။ ထို့အတွက်ကြောင့် Grand Royal Signature မှ လူငယ်များ၏ unstoppable ဖြစ်သော စိတ်ကူးစိတ်သန်းကောင်းများကို AI နည်းပညာ၏ အကူအညီအဖြင့် Bold ဖြစ်သော ပုံရိပ်များကို ဖန်တီးနိုင်ရန် ဤကမ်ပိန်းကို လုပ်ဆောင်ရခြင်း ဖြစ်ပါသည်။ Grand Royal Signature ရဲ့ “Unstoappable AI Moments” အစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်ပြီး သင်၏ ကိုယ်ပိုင် Bold ဖြစ်သော စိတ်ကူးများကို ဖွင့်ဟပြသလိုက်ပါ။
Campaign ကာလမှာ ၀၇.၀၂.၂၀၅ မှ ၀၇.၀၄.၂၀၂၅ အထိဖြစ်ပါသည်
စည်းကမ်းသတ်မှတ်ချက်များ
- ဤကမ်ပိန်းတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများသာ ပါဝင်ယှဉ်ပြိုင်နိုင်သည်။
- လူတစ်ဦးလျှင် တစ်ကြိမ်သာ ပါဝင်ခွင့်ရှိပါသည်။
- Grand Royal ဝန်ထမ်းနှင့် Grand Royal ၏ မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။
- ယခု Grand Royal Signature ၏ AI ကမ်ပိန်းအစီအစဉ်ကာလမှာ ၀၇.၀၂.၂၀၂၅ - ၀၇.၀၄.၂၀၂၅ အထိဖြစ်ပါသည်။
Voting စနစ်ဖြင့် အကောင်းဆုံး (၅) ဦးကို ရွေးချယ်သွားမှာဖြစ်ပြီး
- Most Voted Award - ၅၀၀,၀၀၀ ကျပ်
- Brand Choice Award - ၅၀၀,၀၀၀ ကျပ်
- Artist Choice Award - ၅၀၀,၀၀၀ ကျပ်
Grand Royal Signature မှ ပြုလုပ်သော AI နှင့်သက်ဆိုင်သည့် အစီအစဉ်များတွင်လည်း ပါဝင်နိုင်မှု စသည့်အခွင့်အရေးထူးများကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ထို့အပြင် တီထွင်ဖန်တီးနိုင်မှု ကောင်းမွန်သော အယောက် ၃၀ ဦးအား Grand Royal Signature မှ ရွေးချယ်ပြီး ၎င်းတို့ကို Grand Royal Signature T Shirt များကို နှစ်သိမ့်ဆုအနေဖြင့် ပေးအပ်သွားမည် ဖြစ်ပါသည်။
- ဆုရွေးချယ်ရာတွင် Voting စနစ်ဖြင့်သာ ရွေးချယ်သွားမည်ဖြစ်ပြီး မည်သည့်မသမာသော နည်းလမ်းများဖြင့် ပါဝင်ယှဉ်ပြိုင်သူမဆို ဆုရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
- ပြိုင်ပွဲဝင်များသည် ဤစည်းကမ်းချက်များကို ဖတ်ရှုနားလည်ပြီး လက်ခံအတည်ပြုပြီး ဖြစ်ပါသည်။
- ပြိုင်ပွဲဝင်ထားသော ပုံများအား Grand Royal Signature မှ ပိုင်ဆိုင်ပြီး အလျဉ်းသင့်သလို ပြန်လည်အသုံးချသွားမည် ဖြစ်ပါသည်။
- အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက Grand Royal Myanmar Limited သည်သာလျှင် အတည်ပြု ဆုံးဖြတ်ခွင့်နှင့် လုပ်ပိုင်ခွင့်အပြည့်အဝရှိပြီး Grand Royal Myanmar Limited မှ ချမှတ်သည့် ဆုံးဖြတ်ချက်သည်လျှင် အပြီးသတ်အတည်ဖြစ်သည်။
AI ဖြင့် ပုံဆွဲယှဉ်ပြိုင်ပုံ အဆင့်ဆင့်
- ပထမဦးစွာ မိမိ၏ မွေးသက္ကရာဇ်ကို ဖြည့်သွင်းပါ။
- ပြီးနောက် မိမိနေထိုင်ရာဒေသကို ရွေးချယ်ပါ။
- အကောင့်ဝင်ရောက်ရန် Google (သို့မဟုတ်) Facebook ကြိုက်နှစ်သက်ရာကိုရွေးချယ်ပြီး ပေးထားသောလင့်ခ်မှ ကမ်ပိန်းအကြောင်း၊ ဆုများအကြောင်းနှင့် ပြိုင်ပွဲ၏ စည်းကမ်းသတ်မှတ်ချက်များကို သေချာစွာ ဖတ်ရှုပါ။ စည်းကမ်းချက်အသေးစိတ်ကို ဖတ်ရှုပြီး လက်ခံပါက အော က်မှာပြသထားတဲ့ အကွက်ကို အမှန်ခြစ်ကာ Sign in ဝင်ပါ။
- ထို့နောက် ပါဝင်ယှဉ်ပြိုင်သူဆိုလျှင် ပါဝင်ယှဉ်ပြိုင်ရန်ကို ရွေးပြီး Vote လုပ်လိုသူဆိုပါက Vote ပေးရန်ကို ရွေးချယ်ကာ ဝင်ရောက်ပါ။
- Vote ပေးရန် ကို နှိပ်ပါက
- - ပါဝင်ထားသော ပြိုင်ပွဲဝင်များရဲ့ ပုံများကို မြင်တွေ့ရမှာဖြစ်ပြီး မိမိ Vote ပေးလိုသော ပုံကိုရွေးကာ Vote ကို နှိပ်ပါ။(လူတစ်ဦးလျှင် ပြိုင်ပွဲဝင် ၃ဦး အထိ Vote ပေးနိုင်ပါသည်။)
- ဒါဆိုရင်တော့ Vote ပေးပြီးသွားပြီးဖြစ်ပြီး ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်လိုပါက ပြိုင်ပွဲတွင်ပါဝင်ရန်ကို နှိပ်ကာ ဆက်လက်ပါဝင်နိုင်ပါတယ်။
- ပါဝင်ယှဉ်ပြိုင်ရန်ကို နှိပ်ပါက
- ပါဝင်ယှဉ်ပြိုင်လိုသူက ပေးထားသော လမ်းညွှန်ချက်အတိုင်း မိမိစိတ်ကြိုက်စဉ်းစားကာ Prompts ပေးပြီး Generate ကို နှိပ်ပါ။ (Prompts ပေးရာတွင် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ၊ လိင်မှုရေးရာ စသည်တို့နှင့် သက်ဆိုင်သည့် ညစ်ညမ်းသော၊ ထိရှလွယ်သော၊ မသင့်လျော်သော စကားလုံးများ အသုံးပြုခြင်းကို လက်မခံပါ။)
- Generate လုပ်ပြီး ထွက်ရှိလာသောပုံကို သဘောကျပါက Submit နှိပ်ပါ။ အကယ်၍ မကြိုက်သေးပါက Try Again ကိုနှိပ်ပြီး နောက်တစ်ကြိမ် Prompts ပေးကာ Generate လုပ်ပါ။ (လူတစ်ဦးလျှင် ၂ကြိမ်အထိ Generate လုပ်ခွင့်ရှိပါသည်။)
- Submit လုပ်ပြီးပါက အောင်မြင်ကြောင်းစာကို မြင်တွေ့ပါလိမ့်မည်။ ထို့နောက် သင်၏ပုံကို Voting ပေးနိုင်ရန် Copy Link ကိုနှိပ်ပြီး သင့်သူငယ်ချင်းများထံသို့လည်းကောင်း၊ သင်၏ Facebook စာမျက်နှာတွင်လည်းကောင်း မျှဝေနိုင်ပါသည်။
- ထို့နောက် အခြားပြိုင်ပွဲဝင်များ၏ ပုံကို Vote လုပ်ပေးနိုင်ပြီး၊ Vote လုပ်ခြင်းပြီးဆုံးပါက Vote လုပ်ပြီးကြောင်းစာကို မြင်တွေ့ရပါလိမ့်မည်။ Next ကို ဆက်နှိပ်ပါ။
- ထို့နောက် ကမ်ပိန်းနှင့်ပတ်သက်သည့် အကြံပြုချက်နှင့်အမြင်များကို ဖော်ပြပေးပါ။
- နောက်ဆုံးစာမျက်နှာ၌ ဤကမ်ပိန်းတွင် ပါဝင်၊ ယှဉ်ပြိုင်မှု အောင်မြင်ကြောင်းကို မြင်တွေ့ပါလိမ့်မည်။
ဆုများအကြောင်း
Voting စနစ်ဖြင့် အကောင်းဆုံး (၃) ဦးကို ရွေးချယ်သွားမှာဖြစ်ပြီး ဖြစ်ပါသည်။
Most Voted Award - ၅၀၀,၀၀၀ ကျပ်
Brand Choice Award - ၅၀၀,၀၀၀ ကျပ်
Artist Choice Award - ၅၀၀,၀၀၀ ကျပ်
Grand Royal Signature မှ ပြုလုပ်သော AI နှင့်သက်ဆိုင်သည့် အစီအစဉ်များတွင်လည်း ပါဝင်နိုင်မှု စသည့်အခွင့်အရေးထူးများကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ထို့အပြင် တီထွင်ဖန်တီးနိုင်မှု ကောင်းမွန်သော အယောက် ၃၀ ဦး အား Grand Royal Signature မှရွေးချယ်ပြီး ၎င်းတို့ကိုGrand Royal Signature T Shirt များကို နှစ်သိမ့်ဆုအနေဖြင့် ပေးအပ်သွားမည် ဖြစ်ပါသည်။